ရှော်လ်ကေး ကွင်းလယ်လူကို မန်စီးတီး ခေါ်ယူရန် နီးစပ်
မန်ချက်စတာစီးတီးအသင်းက ရှော်လ်ကေး ကွင်းလယ်ကစားသမား လီရွိုင်းစိန်း (Leroy Sane) ကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။
ဘွန်ဒတ်စ်လီဂါကလပ် ရှော်လ်ကေးကတော့ ကွင်းလယ်လူ လီရွိုင်းစိန်းဟာ အသင်းရဲ့ ရာသီအကြို လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။
မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာကလည်း လီရွိုင်းစိန်းကို ခေါ်ယူချင်ကြောင်း ပြောဆိုထားပါတယ်။
အသက် ၂၀ အရွယ် ဂျာမန်ကွင်းလယ်ကစားသမား စိန်းဟာ အသင်းကို ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်အောင် ကူညီထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီက ရှော်လ်ကေးအတွက် ကစားပေးတဲ့ ၃၃ ပွဲမှာ ၈ ဂိုး သွင်းထားပါတယ်။