A d v e r t i s e m e n t With Us

အိုင်အက်စ်ပစ်မှတ်များကို အမေရိကန် လေကြောင်းပစ်ခတ်မှု ဗွီဒီယို ထုတ်ပြန်

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အိုင်အက်စ် အကြမ်းဖက်ပစ်မှတ်တွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ အမေရိကန်နဲ့ မဟာမိတ် လေကြောင်းပစ်ခတ်မှု ဗွီဒီယိုတွေကို ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေက ဆီးရီးယားနိုင်ငံ၊ မန်ဘီခ်ျ (Manbij) မြို့အနားမှာ တိုက်ခိုက်ခဲ့တာလို့ ဆီးရီးယား သူပုန်ညွန့်ပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မဟာဗျူဟာ အချက်အချာကျတဲ့ မန်ဘီခ်ျမြို့ကို အမေရိကန်နောက်ခံတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့က အိုင်အက်စ် အကြမ်းဖက်တွေ လက်ထဲက ပြန်လည်သိမ်းယူနေပြီး အခုတော့ မြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို သိမ်းယူနိုင်ပြီလို့ ပြောပါတယ်။ မန်ဘီခ်ျမြို့ဟာ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့အတွက် ထောက်ပံ့ရေးပစ္စည်းတွေနဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ တူရကီနိုင်ငံကနေ ဆီးရီးယားနိုင်ငံကို ၀င်ရောက်ရာ မဟာဗျူဟာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ ဒီမြို့ကို ဆီးရီးယား ဒီမိုကရက်တစ် ညွန့်ပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိရင်တော့ အိုင်အက်စ် အကြမ်းဖက်တွေအတွက် အတော့်ကို အထိနာမယ့် ဆုံးရှုံးမှုလို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up