မြန်မာအလုပ်သမတဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်

ဓာတ်ပုံ - dailynews.co.th
5K
ထိုင်းနိုင်ငံက ဒီအပတ် သြဂုတ် ၁ ရက်နေ့မှာထွက်တဲ့ ထိုင်းထီပေါက်သူတွေထဲ ဘန်ကောက် စက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမတဦးလည်း ပထမဆု ထိုင်းဘတ်ငွေ ၆ သန်း ပေါက်သွားပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာအလုပ်သမ ရီလေး ဆိုသူဟာ ဒီအပတ်ထွက်တဲ့ ၆ လုံးတိုက်တစုံ ၂၇၂၉၃၂ ဂဏန်း ပေါက်တဲ့အတွက် သြဂုတ် ၁ ရက် ညနေ ၄ နာရီက ဘန်ခွန်ထိန်းနယ်မြေ ထိန်းထလေးရဲစခန်းမှာ သက်သေခံထီဖြတ်ပိုင်းနဲ့အတူ လာရောက်အကြောင်းကြားခဲ့တယ်လို့ ထိန်းထလေးရဲစခန်း တာဝန်ကျ ဒု-ရဲအုပ် ရိန်းဆဒ်ဒီ ဖစ်ခယိုက သတင်းထောက်ကို ပြောပါတယ်။
သူမဟာ အဆိုပါထီလက်မှတ်ကို စက်ဘီးနဲ့ လည်ရောင်းသူတဦးထံမှ ၀ယ်ယူခဲ့တယ်လို့ ရဲစခန်းမှာ ပြောခဲ့ပါတယ်။