Home
မြန်မာသတင်း
မူးယစ်ဆေးဝါးတိုက်ဖျက်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေး
နန်းမြနဒီ
·
August 1, 2016
မူးယစ်ဆေးဝါးပြဿနာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ဖျက်ဖို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ထောက်ခံ ဆွေးနွေးကြပါတယ်။ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်မှာ မူးယစ်ဆေးဝါးပြဿနာနဲ့ပတ်သက်လို့ အဆိုကို ဆွေးနွေးရာ က အစပြုလို့ တနိုင်ငံလုံးအတိုင်း အတာနဲ့ပါ တိုက်ဖျက်ကြဖို့ ကန့်ကွက်သူမရှိဘဲ ထောက်ခံဆွေး နွေးကြတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပြဿနာဟာ မြန်မာပြည်ထိပ်ဖျား ကချင်ပြည်နယ်ကနေ အောက်ဖျားတနင်္သာရီ တိုင်းထိ တော်တော်ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ရှမ်းပြည်နယ် လို့အဆိုပြုတဲ့နေရာအစား မြန်မာ နိုင်ငံလုံးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်ရွက်စေလိုကြောင်း တနင်္လာရီတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ် ၈ မှ အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းက ဆွေးနွေးခဲ့တယ်လို့ စိုင်းဝမ်းလှိုင်းခမ်း က ဒီဗွီဘီ ကို ပြောပါတယ်။ “ဦးဥက္ကာမင်းက တနင်္သာရီဘက်မှာလည်း မူးယစ်ဆေးဝါးကို စက်လှေတွေနဲ့ သယ်ကြတယ်ပေါ့။ ဒါပေမယ့် ရဲတွေက သူတို့ကို လိုက်ဖမ်းဖို့ စက်လှေအလုံအလောက်မရှိဘူး လို့ပြောတယ်။ စက်လှေနဲ့မဟုတ်ဘဲ ကုန်းပေါ်မှာလည်း ထိထိရောက်ရောက်မဖမ်းနိုင်ဘူး။ ဖမ်းမိတဲ့ မူးယစ်ဆေး အသေးအမွားတွေကျတော့ ပိုင်ရှင်ရှိပြီး ကြီးကြီးမားမားတွေကျတော့ ပိုင်ရှင်မဲ့ဖြစ်နေတာ အဲဒါ သံသယဖြစ်စရာပေါ့လေ၊ ဒါကြောင့်အစိုးရအနေနဲ့ ဒီကိစ္စကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ တိုက်တွန်းတယ် လို့ဆွေးနွေးပါတယ်။” မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အစိုးရအဆက်ဆက် ပြေလည်နိုင်နင်းအောင် မကိုင်တွယ်နိုင်တဲ့ ပြဿနာကြီးအဖြစ် ဆယ်စုနှစ်နဲ့ချီပြီး ရှိနေခဲ့တာပါ။ ဒါ့အပြင် ရှမ်းပြည်နယ် ကိုးကန့်၊ ဓနု နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း လွတ်တော်ကိုယ်စားလှယ် ၃ ဦး ကလည်း သူတို့ဒေသမှာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု များပြားတဲ့အကြောင်းနဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ဘိန်းဖြတ်စခန်း၊ ပြန်လည်ထူထောင်ရေးစခန်းတွေကို အစိုးရမှ ပံ့ပိုးပေးဖို့ ဆွေးနွေးပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာလည်း အထူးသဖြင့် ကလေးနဲ့ တမူးမြို့နယ်ဘက်မှာ မူးယစ်ဆေးေ ရာင်းဝယ်မှုရှိပြီး နယ်ခြားစောင့်တပ်တွေပါ ပတ်သက်မှုရှိကြောင်း၊ မွန်ပြည်နယ်မှာ ရာဘဆေး စွဲပြီး လူ ၆ ဦးကို ဓားနဲ့ခုတ်ခဲ့တဲ့ ဖြစ်ရပ်ရှိကြောင်း၊ ဒီမူးယစ်ဆေးတိုက်ဖျက်ဖို့ ပထမအကြိမ် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးတင်ပြခဲ့ပေမယ့် ကနေ့တိုင် ထိထိရောက်ရောက် နှိမ်နင်း နိုင်ခြင်းမရှိကြောင်း၊ မူးယစ်ဆေးဝါးပညာပေးလုပ်ငန်း အရှိန်မြှင့်ရမှာဖြစ်သလို နိုင်ငံခြား ကနေတဆင့် နယ်စပ်ကို ၀င်ရောက်လာတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ကုန်ကြမ်း ပစ္စည်းတွေ ကန့်သတ်ဖို့၊ မူးယစ်ဆေးဝါးရှာဖွေရေး ခေတ်မီကရိယာတွေလည်း ပံ့ပိုးပေးဖို့ လိုအပ်တဲ့ အကြောင်း စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အမတ်တွေ ဆွေးနွေးသွားပါတယ်။ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဆိုကို ထောက်ခံဆွေးနွေးမယ့် ကိုယ်စားလှယ် စုစုပေါင်း ၁၇ ဦးရှိပြီး ဒီကနေ့မှာ ၉ ဦးဆွေးနွေးပြီးဖြစ်တဲ့အတွက် မနက်ဖြန်မှာ နောက်ထပ် ၈ ဦး ဆက်လက် ဆွေးနွေးဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ မြန်မာ့ဘိန်းအထွက်ရဲ့ ၉၂ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှ ဖြစ်ပြီး ကျန်ဘိန်းထွက်ရှိမှုဟာ အဓိကအားဖြင့် ကချင်ပြည်နယ်မှဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ မူးယစ်ဆေးဝါးတွေထဲမှာ စိတ်ကို ပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဘိန်းဖြူ၊ ဘိန်းမဲတွေသာမကဘဲ စိတ်ကြွရူးသွပ်ဆေးပြားတွေဟာလည်း တချို့သော မြို့နယ်တွေမှာ စာသင်ကျောင်းတွေအနီးတ၀ိုက်မှာပါ အလွယ်တကူ ၀ယ်ယူရနိုင်တဲ့အတွက် အခြေအနေထိ ရောက်ရှိပျံ့နှံ့တဲ့သတင်းတွေလည်း မကြာခဏတွေ့နေရပါတယ်။ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ‘ရှမ်းပြည်နယ်မြောက်ပိုင်းတခွင် ကျေးရွာရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက်ကားမှုတွေ ဖမ်းဆီးအရေးယူရေး၊ အုပ်စုလိုက်မူးယစ်ဆေးဝါးသုံးစွဲတဲ့ ချောင်ကျတဲ့နေ ရာတွေ အမြစ်ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးမှုများ ရပ်ကွက် ကျေးရွာပါမကျန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လ ည် ပြုစုကုသပျိုးထောင်ပေးရေးစခန်းများကို လိုအပ်တဲ့နေရာတွေမှာ ဖွင့်လှစ်ပေးဖို့ အဆိုကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024