ထိုင်းရောက်မြန်မာနိုင်ငံသားများ သတိပြုနေထိုင်ရန် သံရုံးထုတ်ပြန်
DVB
·
August 1, 2016
အကြောင်းမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာနိုင်ငံသာတွေအနေနဲ့ အခုရက်ပိုင်းအတွင်း အထူးသတိပြုနေထိုင်သွားဖို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ဒီကနေ့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ် ၇ ရက်နေ့ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖို့ရှိပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို လုံခြုံအေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ထိုင်းအစိုးရက ရဲတပ်ဖွဲ့ဝင်အင်အား အမြောက်အများအသုံးပြုပြီး လုံခြုံရေးတိုးမြှင့်ချထားမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခုရက်ပိုင်တွင်း သတိပြုနေထိုင်ကြဖို့၊ ခရီးသွားပါက စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ ယူဆောင်သွားကြဖို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးပါက အသာတကြည် စစ်ဆေးမှုခံယူကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခက်အခဲတစုံတရာ ရှိရင်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။