မွေးထားသည့် ကျားကို ကျီစားမိ၍ တိုက်ခိုက်ခံရ (ရုပ်သံ)
ဆော်ဒီအမျိုးသားတဦးပိုင်ဆိုင်တဲ့ ကျားကလေးကို ကျီစားနောက်ပြောင်မိခဲ့တဲ့ အမျိုးသားတဦး ကျားရဲ့ ပြန်လည်တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ အမ်းမရိတ်သတင်းမှာ ဇူလိုင် ၃၁ ရက်နေ့က ဖော်ပြပါတယ်။
အဆိုပါအမျိုးသားဟာ ကျားမွေးထားတဲ့ သူငယ်ချင်းဖြစ်သူရဲ့ အိမ်ကို ရောက်ရှိခဲ့ချိန်မှာ ခုလို တိုက်ခိုက်ခံလိုက်ရတာပါ။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျားဟာ အဆိုပါအမျိုးသားနောက်ကို ပြေးလိုက်ခဲ့ပြီး ဖမ်းကိုက်ဆွဲခဲ့တာကို တွေ့ရပါတယ်။
သူဟာ ခြံစည်းရိုးအစပ်နားကို ရောက်လုပ်ရောက်ခင်မှာ ကျားက သူ့ရဲ့ခြေထောက်ကို ဆွဲလိုက်တာပါ။
အဲဒီအချိန်မှာပဲ ပိုင်ရှင်ဖြစ်သူရောက်လာပြီး အမိန့်ပေးကာ တုတ်နဲ့ ခြောက်လှန့်ခဲ့တဲ့အတွက် ကျားဟာ ပြေးထွက်သွားခဲ့ပြီး သူ့ရဲ့ခြေထောက်မှာတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျ အင်တာနက်စာမျက်နှာမှတဆင့် မျှဝေခဲ့တာဖြစ်ပြီး ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ ဘယ်နေရာမှာ ရိုက်ကူးခဲ့တယ် ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။