ဘရားဇီး အိုလံပစ်ပြိုင်ပွဲတွင် မြန်မာကစားသမား ၇ ဦး ပါဝင်ယှဉ်ပြိုင်မည်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ဒီလကျင်းပမယ့် ၂၀၁၆ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သေနတ်ပစ်၊ မြားပစ်၊ ဂျူဒို၊ ရေကူးနဲ့ ပြေးခုန်ပစ် အားကစားနည်း ၅ မျိုးမှာ အားကစားသမား ၇ ဦး ပါဝင် ယှဉ်ပြိုင်မယ်လို့ ဒီကနေ့ ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာဖော်ပြပါတယ်။ ရဲထွန်းနောင်က သေနတ်ပစ် အမျိုးသား ၁၀ မီတာ Air Pistol နဲ့ ငါးမီတာ Free Pistol ပြိုင်ပွဲ၊ မြားပစ်မှာ စန်းယုထွေးက (Recurve) ပြိုင်ပွဲ၊ ရန်နောင်စိုးက ဂျူဒို (-၁၀၀ Kg) တန်း ပြိုင်ပွဲ၊ ရေကူးမှာ အိအိသက်က အမျိုးသမီး မီတာ 50 Free Style နဲ့ သင်မြတ်က အမျိုးသားမီတာ 100 Butterfly ပြိုင်ပွဲ၊ ၊ ပြေးခုန်ပစ်မှာ စန်းနိုင်ကအမျိုးသား မီတာ ၅၀၀၀ နဲ့ ဆွေလီမြင့်က အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲတွေမှာ အသီးသီး ယှဉ်ပြိုင်ကြမှာပါ။ ဩဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမယ့် ၂၀၁၆ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနဲ့ အာဆီယံ ဒေသတွင်းနိုင်ငံတွေအပါအ၀င် ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမား ၁ သောင်းလောက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up