A d v e r t i s e m e n t With Us

လမ်းမပေါ်ဖြတ်ပြေးသည့် ၄ နှစ်အရွယ် ကလေးတဦး ကားတိုက်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံ၊ အန်ဟွီခရိုင်၊ ချူကျိုးမြို့မှာ ၄ နှစ်အရွယ် ကလေးငယ်တဦးဟာ လမ်းမတခုပေါ် ဖြတ်ပြေးခဲ့ချိန်မှာ တဘက်မှ မောင်းနှင်လာတဲ့ ကားတစီးနဲ့ တိုက်မိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကားနဲ့တိုက်မိတဲ့ အရှိန်ကြောင့် ကလေးငယ်ဟာ မြေပြင်ပေါ်ကို သုံးလေးပတ်လောက် လိမ့်သွားခဲ့ပြီးမှ ပြန်ထနိုင်ခဲ့တာကို တွေ့ရပါတယ်။ ကားဟာ ကလေးငယ်ကို တိုက်မိပြီး ရပ်တန့်နေခဲ့ကာ ကလေးငယ်ကတော့ ပြန်ထပြီး လမ်းတဘက်ဆီ လျှောက်သွားခဲ့တာပါ။ ဇူလိုင် ၂၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို ကားပေါ်ပါ ဒက်ရှ်ဘုတ်ကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ လမ်းတဘက်က ကလေးရဲ့ အုပ်ထိန်းသူဖြစ်ပုံရတဲ့ အမျိုးသမီးတဦး ထွက်လာပြီး ကလေးငယ်ဆီ ပြေးသွားခဲ့တာကို တွေ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ အဲဒီကလေးငယ်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ရုံကလွဲပြီး စိုးရိမ်စရာ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up