A d v e r t i s e m e n t With Us

အာဖဂန်တွင် ပေါက်ကွဲမှုကြီးတခုဖြစ်၊ တာလီဘန်လက်ချက်ဟု ကြေညာ

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာ သြဂုတ် ၁ ရက် မနက်ပိုင်းက ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့ပြီး တာလီဘန် အကြမ်းဖက်တွေက သူတို့ရဲ့လက်ချက်လို့ ကြေညာပါတယ်။ နိုင်ငံတကာလုံခြုံရေး ကန်ထရိုက်တာတွေ၊ နိုင်ငံခြားသံရုံးတွေနဲ့ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုတွေ တည်ရှိတဲ့ ရပ်ကွက်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး တာလီဘန်အကြမ်းဖက် ၄ ဦး ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ သြဂုတ် ၁ ရက် မနက် ၁ နာရီခွဲလောက်မှာ ပေါက်ကွဲသံကို ကဘူးလ်မြို့တော် တမြို့လုံးကနေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကုန်ကားဗုံးခွဲတိုက်ခိုက်မှုကြီးဖြစ်ပြီး နောက်ဆက်တွဲ သေနတ်ပစ်ခတ်မှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အကြမ်းဖက်တဦး သေဆုံးတယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုတော့ လုံခြုံရေး ထိန်းချုပ်နိုင်ပြီလို့ အာဖဂန်ရဲတပ်ဖွဲ့က ဆိုပါတယ်။ ပေါက်ကွဲမှုအပြီး ကဘူးလ်မြို့တော် တချို့နေရာတွေမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ ကားဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ လုံခြုံရေးအဆင့်မြင့်ရပ်ကွက် မြောက်ဘက်ဂိတ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့တပတ်က အိုင်အက်စ် အကြမ်းဖက်အဖွဲ့ကို သစ္စာခံတဲ့ အကြမ်းဖက် ၂ ဦးက ကဘူးလ်မြို့တော် ဆန္ဒပြပွဲတခုကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၈၀ သေဆုံးခဲ့ပြီး ၂၃၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up