နိုင်ငံတကာ ကိုယ်ခံပညာပြိုင်ပွဲတွင် ထွန်းထွန်းမင်း ကွန်ဂိုနိုင်ငံသားကို ရှုံး (သတင်းဓာတ်ပုံ)
ဂျပန်နိုင်ငံမှာ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပတဲ့ ways of samurai နိုင်ငံတကာ ကိုယ်ခံပညာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းက ပြိုင်ပွဲစည်းကမ်းအရ ကွန်ဂိုနိုင်ငံသားကို အရှုံးပေးခဲ့ရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့မှာ လဲကျရင် ထိုးခွင့်မရှိဘူး၊ အဲဒီအားနည်းချက်ကို ယှဉ်ပြိုင်ဘက်က အသုံးချသွားတာပါလို့ လက်ဝှေ့ပွဲကို လေ့လာသူအဖြစ် လိုက်ပါခဲ့သူ စာရေးဆရာ ဦးသန်းဝင်းလှိုင်က ပြောပါတယ်။
ပြိုင်ပွဲစည်းကမ်းအရ ထိုင်းကစ်ဘောက်ဆင်သမားလည်း ၁ မိနစ်အတွင်း အရှုံးပေးခဲ့ရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကတော့ အခုလို သူ့အနေနဲ့ နိင်ငံတကာအတွေ့အကြုံ တွေကို ထပ်မံလေ့လာပြီး မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကြိုးစားသွားပါမယ်လို့ ဒီဗွီဘီကို ပြောဆိုသွားပါတယ်။
သတင်းဓာတ်ပုံ - ဇော်ဇော်လှိုင်