A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ချန်ပီယံကို ဂိုးပြတ်အနိုင်ယူသည့် ပြင်သစ်လိဂ် ချန်ပီယံ (ရုပ်သံဟိုက်လိုက်)

အမေရိကန်မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပွဲမှာ ပြင်သစ်လိဂ်ချန်ပီယံ ပီအက်စ်ဂျီက ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ လက်ဆက်စတာစီးတီးအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဇူလိုင် ၃၁ ရက်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ကျင်းပတဲ့ အဲဒီပွဲမှာ နှစ်သင်း အပြန်အလှန် တိုက်စစ်ဖွင့်ကစားခဲ့လို့ ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ လက်ဆက်စတာစီးတီးရဲ့ အပိုင်ကန်သွင်းချက်တချို့ကို ပီအက်စ်ဂျီ ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း လက်ဆက်စတာ ဂိုးတဂိုးမှမရဘဲ ရှုံးနိမ့်သွားခဲ့တာပါ။ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို ၂၆ မိနစ်မှာ ကာဗာနီက ပယ်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပြီး ပထမပိုင်း ပြီးခါနီး ၄၅ မိနစ်မှာ အိုင်ကုန်းက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ ပီအက်စ်ဂျီက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်ဘက်အသင်း လူစားလဲမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီကပဲ အနိုင်ဂိုးတွေ ထပ်သွင်းခဲ့တာပါ။ ပွဲချိန် ၆၄ မိနစ်မှာ လူးကပ်မော်ရာက တတိယဂိုးနဲ့ မိနစ် ၉၀ မှာ အက်ဒွါဒိုက စတုတ္ထဂိုး သွင်းယူပြီး ပွဲအပြီးမှာ ပီအက်စ်ဂျီက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up