နိုင်ငံတကာ ချန်ပီယံဖလားပွဲတွင် အေစီမီလန်ကို လီဗာပူး ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

1.7K
ဇူလိုင် ၃၁ ရက်က အမေရိကန်မှာ ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ လီဗာပူးက အေစီမီလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ လီဗာပူးက လျှင်လျှင်မြန်မြန် ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးမသွင်းနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ပွဲချိန် ဒုတိယပိုင်းမှာ လီဗာပူးအသင်း လူစားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ကစားပုံ ပိုကောင်းလာပြီး အနိုင်ဂိုးတွေကို ၅၉ မိနစ်မှာ အော်ရီဂီနဲ့ ၇၃ မိနစ်မှာ ဖာမီနိုတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရှုံးနိမ့်ခဲ့တဲ့ အေစီမီလန်က လာမယ့် သြဂုတ် ၄ ရက်မှာ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လီဗာပူးတော့ သြဂုတ် ၆ ရက်မှာ ဘာစီလိုနာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။