A d v e r t i s e m e n t With Us

ရုရှားနိုင်ငံက တင့်ကားချင်း စီးချင်းထိုးပြိုင်ပွဲ (ရုပ်သံ)

ရုရှားစစ်တပ်ဟာ တင့်ကားချင်း စီးချင်းထိုးပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲကို တင့်ကား တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စစ်စည်းမျဉ်းတရပ်အနေနဲ့ တီထွင်ခဲ့တာပါ။ မော်စကိုမြို့အနီး ဒေသတွင်း အယ်လ်ဘီနိုတင့်ကားပြိုင်ဝင်းထဲမှာ ဒီပွဲတော်ကို လာမယ့် သြဂုတ်လ ၁၃ ရက်နေ့ထိ ဆက်တိုက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွင်းမှာ ကားအမောင်းစွမ်းရည်၊ အဝေးပြေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်နဲ့ တခြား ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကို စစ်ဆေးမှုတွေပါဝင်ပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဖွဲ့ ၂၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ တရုတ်၊ ဆားဘီးယား၊ ကူဝိတ်၊ အိန္ဒိယ၊ ဗင်နီဇွဲလား အစရှိတဲ့ နိုင်ငံတွေလည်း ပါဝင်ဆင်နွှဲကြမှာဖြစ်ပြီး ဒီပြိုင်ပွဲကို ရုရှနဲ့ ကာဇက်စတန်နိုင်ငံတွေက မတူတဲ့ နယ်မြေတွေ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဖွဲ့ဝင် ၃ ဦးစီပါဝင်တဲ့ တဦးချင်းအနိုင်ရရှိတဲ့အဖွဲ့တွေကို လာမယ့် သြဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေငြာသွားမှာဖြစ်ပြီး အကြိုဗိုလ်လုပွဲအဆင့်မှာတော့ ၈ သင်းရွေး ချယ်ကာ သြဂုတ်လ ၁၃ ရက်နေ့ထိ ဆက်လက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ တတိယအကြိမ်မြောက် ကျင်းပတာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up