A d v e r t i s e m e n t With Us

ဆီဗီလာတိုက်စစ်မှူး ကီဗင်ကို အက်သလက်တီကို ခေါ်ယူ

စပိန်လာလီဂါကလပ် ဆီဗီလာအသင်းတိုက်စစ်မှူး ကီဗင် ဂါမီရိုကို အက်သလက်တီကို မက်ဒရစ်က  ခေါ်ယူလိုက်ပါတယ်။ ပြင်သစ်တိုက်စစ်မှူး ဂါမီရိုရဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြေပေမယ့် သတင်းတွေမှာတာ့ ပေါင် ၂၈ သန်း ၀န်းကျင်ပေးရတယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ အက်သလက်တီကိုက တိုက်စစ်မှူး ဂါမီရိုကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဆီဗီလာအသင်းအတွက် ၂၉ ဂိုး သွင်းယူထားပေမယ့် ယူရိုပြိုင်ပွဲမှာတော့ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ သူဟာ ဆီဗီလာအသင်းကို ၂၀၁၃ မှာ ရောက်ရှိလာပြီး အသင်းကို ယူရိုပါလိဂ်ဖလား ၃ နှစ်ဆက်တိုက်ရအောင် ကူညီထားပါတယ်။ တိုက်စစ်မှူး ဂါမီရိုရဲ့ အသင်းသစ် အက်သလက်တီကို မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ စပိန်အမှတ်ပေးလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up