ဆီးရီးယား ရဲ့စတန်မြို့ လေကြောင်းတိုက်ခိုက်မှုရုပ်သံ ပျံ့နှံ့
ဆီးရီးယားနိုင်ငံ ဟုမ်းခရိုင်ထဲက ရဲ့စ်တန်မြို့မှာ ဇူလိုင် ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပါတယ်။
ဖုန်အလိမ်းလိမ်းနဲ့ ကလေးတွေကို အကြီးအကျယ် ပျက်စီးနေတဲ့ အဆောက်အဦတလုံး ထဲကနေ ဖယ်ထုတ်နေပုံ ရုပ်သံတွေ အင်တာနက်ပေါ် ပျံ့နှံ့နေပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကလေးတယောက် သေဆုံးပြီး လူ ၉ ယောက် ဒဏ်ရာရတယ်လို့ သူပုန်တွေ တပ်စွဲထားတဲ့ နေရာကနေ သတင်းပိ့နေတဲ့ စမတ်သတင်းဌာနက အစီရင်ခံ ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကို ဆီးရီးယား အစိုးရတပ်က လုပ်ခဲ့ပြီး ရဲ့စ်တန်ကနေ တယ်ဘစ်ဆာမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကို ပစ်မှတ်ထားခဲ့တာလို့ စမတ် သတင်းဌာနက ပြောပါတယ်။