ဘဲပျောက် ရှာပုံတော်ထွက်သည့် ကျား (ရုပ်သံ)

3.2K
ဘဲတွေဟာ ကျားတွေအတွက် အလွယ်တကူပဲ ဖမ်းမိနိုင်မယ့် သားကောင်တွေလို့ ခင်ဗျားတို့ ထင်ကောင်းထင်နေနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘဲတွေဟာ သူတို့နောက်ကို သားကောင် ချောင်းချောင်းပြီး လိုက်ခဲ့တဲ့ ကျားရဲ့ အန္တရာယ်ကနေ လွတ်မြောက်သွားခဲ့တာကို တွေ့ရ မှာပါ။
ဘဲဟာ ရေကန်ထဲမှာ ရှိနေချိန်မှာ ကမ်းစပ်ကကျားက သူ့ကိုဖမ်းဖို့ ရေထဲကို ခုန် ဆင်းခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရေထဲမှာ ကူးခပ်သွားတဲ့ ဘဲနောက်ကို ကျားက လိုက်နေခဲ့ တာကို တွေ့ရပါတယ်။
ဒါပေမယ့် ရုတ်တရက်ပဲ မီလုမီခင်အရောက်မှာတော့ ဘဲဟာ ရေထဲကို ငုပ်လျှိုး သွားခဲ့တဲ့အတွက် ကျားဟာ ကြောင်အသွားခဲ့တာကို တွေ့ရပါတယ်။
ဒါဟာ သားကောင်ဖမ်းပွဲနဲ့မတူပဲ တူတူပုန်းတမ်းကစားတဲ့ ပွဲတခုလိုပါပဲ။