A d v e r t i s e m e n t With Us

နိုင်ငံတကာ ချန်ပီယံဖလား ဘာစီလိုနာ ၃-၁ ဆဲလ်တစ် (ရုပ်သံဟိုက်လိုက်)

ဇူလိုင် ၃၀ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီအကြို နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာ ဘာစီလိုနာက ဆဲလ်တစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက အဓိက ကစားသမားတချို့ဖြစ်တဲ့ အင်နစ်စတာ၊ နေမာနဲ့ ပီကေးတို့ မပါပေမယ့်လည်း တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွာရက်နဲ့ မက်ဆီတို့ကို ထည့်သွင်း ကစားသွားပါတယ်။ ဘာကာအတွက် ဦးဆောင်ဂိုးကို ၁၁ မိနစ်မှာ တူရမ်က သွင်းယူပါတယ်။ စကော့တစ် ချန်ပီယံ ဆဲလ်တစ်အတွက် ချေပဂိုးကို ၂၉ မိနစ်မှာ ပြန်လည် သွင်းယူပါတယ်။ ဘာကာအတွက် ဒုတိယဂိုးကို တဖက် ကစားသမား ကိုယ့်ဂိုးကို သွင်းမိ ရာကနေ ရသွားတာပါ။ အပိတ်ဂိုးကို မိနစ် ၄၀ မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ ဒီပွဲမှာ ဆဲလ်တစ်က ကစားသမား ၇ ဦးအထိ အပြောင်းအလဲလုပ် ယှဉ်ပြိုင်သွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up