A d v e r t i s e m e n t With Us

ယာဉ်မောင်းကို အမူးလွန် ခရီးသည်က လက်သီးဖြင့်ထိုးသည့် ရုပ်သံထွက်ပေါ်

တရုတ်နိုင်ငံမှာ ဘတ်စ်ကားတစီးပေါ်မှာ ခရီးသည်တဦးက ယာဉ်မောင်းရဲ့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖမ်းယူရရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဇူလိုင်လ ၃၀ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းခရိုင်၊ ဂျီနန်မြို့မှာ ဖြစ်ခဲ့တာ ပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမူးလွန်နေတဲ့ ခရီးသည်အမျိုးသားက ဘတ်စ်ကားမောင်း သူဆီလျှောက်လာခဲ့ပြီး သူ့ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဘတ်စ်ကားမောင်းသူဟာ ပြန်လည်တုံ့ပြန်ခြင်းမရှိပဲ ကားကိုသာ အာရုံ စိုက်ပြီး အန္တရာယ်မဖြစ်အောင် မောင်းနှင်ခဲ့ပြီး ရပ်နိုင်အောင်ကြိုးစားခဲ့တာပါ။ ဒီနောက်မှာ ခရီးသည်တွေက အဆိုပါခရီးသည်ကို ပြန်လည်ဖြန်ဖြေပြီး ဆွဲခေါ် သွားခဲ့တာကို တွေ့ရပါတယ်။ အဲဒီခရီးသည်ဟာ ဘာကြောင့် ခုလိုထိုးနှက်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up