နိုင်ငံတကာ ချန်ပီယံဖလား ရီးရဲလ် ၃-၂ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)
ရာသီအကြို နိုင်ငံတကာ ချန်ပီယံဖလား ပြိုင်ပွဲမှာပဲ ရီးရဲလ်မက်ဒရစ်က ချဲလ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အမေရိကန်နိုင်ငံမှာ ဇူလိုင် ၃၀ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ဒီပွဲမှာ ပရိသတ်ပေါင်း ၁ သိန်းကျော် လာရောက် အားပေးသွားပါတယ်။
ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၁၉ မိနစ်မှာ နောက်တန်းသမား မာဆယ်လိုက သွင်းယူပါတယ်။ ဒုတိယဂိုးကိုလည်း ၂၆ မိနစ်မှာ မာဆယ်လိုကပဲ သွင်းယူပြီး အပိတ်ဂိုးကို ၃၇ မိနစ်မှာ မီဂျာ သွင်းယူပါတယ်။ ဒီပွဲမှာ ရီးရဲလ် တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်နိုင်ခြင်း မရှိပါဘူး။
ချဲလ်ဆီးအတွက် ချေပဂိုးတွေကို ဒုတိယပိုင်း မိနစ် ၈၀ နဲ့ ၉၀မှာ ကွင်းလယ်သမား ဟာဇက်က သွင်းယူပါတယ်။ နည်းပြ ကွန်တီရဲ့ ချဲလ်ဆီးဟာ နိုင်ငံတကာ ချန်ပီယံဖလား နောက်ဆုံးပွဲစဉ်မှာ အေစီမီလန်နဲ့ ယှဉ်ပြိုင်ရမှာပါ။