A d v e r t i s e m e n t With Us

မိုဗစ်ရဲ့လှပသည့်သွင်းဂိုးနှင့်အတူ မန်ယူက ဂါလာတာစာရေးကို ၅-၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)

နိုင်ငံတကာ ခြေစမ်းပွဲစဉ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ သွင်းဂိုးအပါအ၀င် မန်ယူက ဂါလာတာစာရေကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခု ခြေစမ်းပွဲဟာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ မန်ယူအတွက် ပထမဆုံး ကစားပေးတဲ့ ပွဲစဉ် ဖြစ်ပြီး ဗယ်လန်စီယာရဲ့ တောင်ပံ ဖြတ်တင်ဘောကနေ ပွဲအစ ၃ မိနစ်ကျော်မှာ ဦးဆောင်ဂိုး သွင်းယူတာ ဖြစ်ပါတယ်။ မန်ယူအတွက် ကျန်တဲ့ အနိုင်ဂိုးတွေကို တိုက်စစ်မှူး ရွန်နီက ၂ ဂိုး၊ ကွင်းလယ်သမားတွေ ဖြစ်တဲ့ ဖယ်လိုင်နီနဲ့ မာတာတို့က ၁ ဂိုးစီ သွင်းယူပါတယ်။ မန်ယူ နည်းပြ မော်ရင်ဟိုဟာ ဒီပွဲမှာ ကစားသမား ၂၂ ယောက်အထိ အပြောင်းအလဲလုပ် အသုံးပြုသွားပါတယ်။ ပထမပိုင်းမှာ အီဗရာဟီမိုဗစ်က အထောင်တိုက်စစ်မှူးအနေနဲ့ ကစားသွားပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကတော့ အသင်းကို ကွင်းလယ်သမား ပေါဘာ ရောက်လာရင် မန်ယူရဲ့ အနာဂတ်ဟာ တောက်ပလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ အက်ဖ်အေ ချန်ပီယံ မန်ယူဟာ လာမယ့် တနင်္ဂနွေနေ့ ရာသီအဖွင့် ကွန်မြူနတီဒိုင်းပွဲမှာ ပရီးမီးယားလိဂ် ချန်ပီယံ လက်ဆက်စတာနဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up