A d v e r t i s e m e n t With Us

ပြည့်ကြပ်နေသည့် ဖိလစ်ပိုင် အကျဉ်းထောင် (သတင်းဓာတ်ပုံ)

အရင်က အကျဉ်းသား ၈၀၀ လောက်နေဖို့ ဆောက်လုပ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံက ကွီဇုန်က အကျဉ်းထောင်တွေမှာ ရာဇ၀တ်မှုတွေကို အစိုးရက နှိမ်နင်းပြီးနောက် အကျဉ်းသား ၃၈၀၀ လောက်အထိ နေထိုင်နေရပါတယ်။ အိမ်သာတခုကို ဆိုရင် အကျဉ်းသား ၁၃၀ လောက် အတူမျှဝေသုံးစွဲနေရတယ်လို့လည်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။ ဒါတွေဟာ ဖိလစ်ပိုင်နိုင်ငံက ရဲတပ်ဖွဲ့က ရာဇ၀တ်မှုတွေကို နှိမ်နင်းပြီးတဲ့နောက် အကျဉ်းထောင်တွေမှာ အခုလို အကျဉ်းသားတွေနဲ့ ပြည့်ကြပ်လာတာ ဖြစ်ပါတယ်။ သမ္မတသစ် ဒူဒါတီက ရာဇ၀တ်မှုအတွက် အမိန့်ပေးပြီးတဲ့နောက် တလအတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရာ ချီတဲ့လူတွေကို ပစ်သတ်ခဲ့သလို ထောင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၃၀ ရက် အာဏာရယူခဲ့ပြီး သမ္မတရဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးမှာတော့ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေအတွက် လူ ၄၃၀၀ နီးပါး ဖမ်းဆီးခဲ့ပါတယ်။ ဥပဒေလွှမ်းမိုးရေးအတွက် ကြိုးစားတဲ့သူတွေကိုလည်း ၃ ဆလောက် ကြိုးစား အလုပ်လုပ်ဖို့ နှိုးဆော်ထားပါတယ်။ အစိုးရရဲ့ အချက်အလက်တွေအရ နိုင်ငံတ၀န်းလုံးက အကျဉ်းထောင်တွေမှာ အကျဉ်းသား အရေအတွက်က ၅ ဆအထိ တိုးလာတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်ထဲက အခြေအနေတွေက ဆိုးဝါးနေသလို ဖမ်းဆီးခံထားရတဲ့သူတွေက ဘတ်စကတ် ဘောကွင်း၊ လှေကားထစ်တွေနဲ့ ကုတင်အောင်တွေမှာလည်း ပြည့်ကြပ်ပြီး အိပ်စက်နေရပါတယ်။ မိုးရွာရင် အခြေအနေက အရမ်းဆိုးဝါးလို့ တချို့ဆိုရင် ဘတ်စ်စဘော ကွင်းမှာကို အိပ်မရဘူးလို့ ဆိုပါတယ်။ အကျဉ်းသားတွေအတွက် နေ့စဉ်အသုံးစရိတ်က အကျဉ်းသားတဦးကို အစား အသောက် အတွက် ၁.၁၀ ဒေါ်လာ၊ ဆေးအတွက် ၁၁ ဆင့်သာ အသုံးပြုနေတာ ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - AFP  

A d v e r t i s e m e n t With Us

More News
Up