ဝတပ်ဖွဲ့ပြင်ပဆက်ဆံရေးမှူးနှင့် မေးမြန်းချက် (ရုပ်သံ)
DVB
·
July 30, 2016
နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဝ အထူးဒေသ ၂ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီးနောက် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးမှူးကြီး ဦးကျောက်ကော်အန်း ကို ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဒီနေ့တွေ့ဆုံခဲ့မှုအခြေနေ၊ ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံခဲ့မှုအခြေနေတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းထောက် ကိုအောင်ထွန်းမြင့်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဦးကျောက်ကော်အန်းက အခုခရီးစဉ်ဟာ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လာတွေ့တာဖြစ်ကြောင်း၊ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ဆုံတာဟာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ ကတည်းက မိတ်ဆွေတွေဟောင်းတွေဖြစ်လို့ လာတွေ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မေးမြန်းချက်အပြည့်စုံကို ရုပ်သံဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။