ဗုဒ္ဓဘုန်းကြီးကျောင်းများအား တိုက်ခိုက်မှုဖြင့် လူ ၇ ဦးကို အင်ဒိုရဲဖမ်းဆီး (ရုပ်သံ)

2.5K
အင်ဒိုနီးရှား အာဏာပိုင်တွေက စူမားတြား မြောက်ပိုင်းက လူ ၇ ဦးကို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို တိုက်ခိုက်မှုအတွက် ဇူလိုင် ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီလူ ၇ ယောက်ဟာ ဇူလိုင် ၂၈ ရက်နေ့ညက တန်ဂျွန်ဘလိုင် မြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်း အနည်းဆုံး ၃ ကျောင်းနဲ့ တခြားပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခဲ့တဲ့ လူအုပ်ထဲက သံသယရှိလူတွေလို့ မြောက်စူမားတြားခရိုင် ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒဏ်ရာ ရသူတော့ မရှိပါဘူး။
ဒီမြို့ဟာ အင်ဒိုနီးရှားရဲ့ စတုတ္ထ အကြီးဆုံးမြို့ မေဒန်နဲ့ နီးပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင် လူများစု ဖြစ်ပေမယ့် တရုတ်တိုင်းရင်းသား လူနည်းစုထဲက အများအပြားဟာ ဗုဒ္ဓဘာသာဝင်တွေပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၉၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေအတွင်း တရုတ် ဆန့်ကျင်ရေး အကြမ်းဖက်မှုသမိုင်း ရှိခဲ့ပါတယ်။
အာဏာရှင် ဆူဟာတို ပြုတ်ကျတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းအတွင်း တရုတ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။
အင်ဒိုနီးရှား မွတ်စလင်တွေဟာ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ် မွတ်စလင်တွေ အများစုပါ။
တချို့ အစွန်းရောက်တွေက ဘာသာရေး လူနည်းစုတွေကို ကြိုးကျား ကြိုးကျား တိုက်ခိုက်တတ်ပေမယ့် အာဏာပိုင်တွေက အမြန်နှိမ်နင်းလေ့ ရှိပါတယ်။