အန်ဒီကင်းကို လက်စတာအသင်း ၄ နှစ်သက်တမ်းတိုး

618
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီးအသင်းက ကွင်းလယ်သမား အန်ဒီ ကင်းကို ၄ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမားဟာ အသင်းမှာ ၂၀၂၀ အထိ ရှိနေမှာပါ။
အန်ဒီကင်းဟာ ၃၃၁ ပွဲမှာ ၅၉ ဂိုး သွင်းထားတဲ့အတွက် လက်စတာအသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။
ဝေးလ် လက်ရွေးစင် ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အသင်းကို ဆီမီးဖိုင်နယ်အထိရောက်အောင် ကူညီထားပါတယ်။