တရုတ်တွင် ရှားပါး ကျားတကောင်ကို တွေ့ရှိ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျိလင်းပြည်နယ် ဟန်ချွန်မြို့မှာ သစ်တောရဲတွေက ရှားပါးသားရိုင်း ဆိုက်ဘေးရီးယား ကျားတကောင်ကို ပဲပုပ်စေ့ လယ်ကွင်းထဲမှာ ဇူလိုင် ၂၈ ရက်နေ့က တွေ့ခဲ့ပါတယ်။
ဒေသတွင်း တခြား ဆိုက်ဘေးရီးယား ကျားတကောင်ကို တွေ့အပြီး ၃ ရက် အကြာမှာ နောက်တကောင်ကို ထပ်တွေ့ခဲ့တာပါ။
ဒီကျားဟာ ကင်မရာ ရိုက်ကူးသူကို မြင်လျက်နဲ့ တုံ့ပြန်မှု မလုပ်သလောက် နီးပါး နေခဲ့ပါတယ်။ မိနစ်အတော်များများ ရိုက်ကူးအပြီးမှာ ကျားက မတ်တပ်ရပ်ပြီး တောင်ပေါ် လမ်းလျှောက် သွားခဲ့ပါတယ်။
ဒေသခံ ရွာသားတွေက ခွေးအတော်များများကို ဒီကျားက လတ်တလော နေ့တွေမှာ တိုက်ခိုက်ပြီး သားကောင်အဖြစ် အမဲလိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဆိုက်ဘေးရီးယား ကျားတွေဟာ တရုတ်အနောက်မြောက်ပိုင်းနဲ့ ရုရှ အရှေ့ပိုင်းမှာ အများဆုံးနေတာ တွေ့ရပါတယ်။
မျိုးသုဉ်းပျောက်ကွယ်မယ့် ဘေးကို အများဆုံး ရင်ဆိုင်နေရတဲ့ မျိုးစိတ်တွေထဲက တခုလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သဘာဝအရိုင်းအဖြစ် နေတဲ့ ဆိုက်ဘေးရီးယား ကျားကောင်ရေ ၅၀၀ အောက် လျော့နည်းနေပြီလို့ လူသိများပါတယ်။
၁၈ ကောင်ကနေ ၂၂ ကောင်ကြားဟာ တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်နဲ့ ကျိလင်း ပြည်နယ်တို့မှာ နေတယ်လို့ ခန့်မှန်းထားပါတယ်။