A d v e r t i s e m e n t With Us

ထိုင်းတက္ကစီသမား ဘတ် ၁.၄ သန်းတန်ဖိုးရှိ အိတ်အား နိုင်ငံခြားခရီးသွားကို ပြန်ပေး

ဂျာမနီနိုင်ငံက ခရီးသွားတဦး မေ့ကျန်ခဲ့တဲ့ တန်ဖိုးကြီး ပုလဲလက်ဝတ်တန်ဆာအပါဝင် ငွေ ဘတ် ၁.၄ သန်းတန်တဲ့ ပိုက်ဆံအိတ်ကို ဘန်ကောက် တက္ကစီမောင်းသမားက ပြန်ပေးလိုက်ပါတယ်။ ဇူလိုင် ၂၉ ရက်က သုဝဏ္ဏ ဘူမိ လေဆိပ်ကို သွားရောက်စဉ် တက္ကစီပေါ်မှာ ကျန်ခဲ့တာ ဖြစ်ပြီး တက္ကစီမောင်းသမားက လေဆိပ် ရဲစခန်းကနေတဆင့် ဆက်သွယ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။ အိတ်ထဲမှာ ဘတ် ၁ သောင်းနီးပါးတန်တဲ့ အမေရိကန်ဒေါ်လာ၊ ပုလဲလည်ဆွဲနဲ့ လက်စွပ်တွေ ပါဝင်နေတာလို့ ဆိုပါတယ်။ အသက် ၃၉ နှစ် တက္ကစီမောင်းသမား ခရိုင်ဆောင် တပေါင်သန်က ရဲစခန်းကို ကျန်ခဲ့တဲ့ ပစ္စည်း သွားပေးနေစဉ်မှာ ဂျာမနီခရီးသွားကလည်း ပိုက်ဆံအိတ်ပျောက်သွားတာကို အကြောင်းကြားဖို့ အတွက် လာရောက်တဲ့ အချိန်တိုက်ဆိုင်နေတယ်လို့ ထိုင်းဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြပါတယ်။ အမေကို ဖိလစ်ပိုင်မှာ လက်ဆောင်ပေးခဲ့တဲ့ ပုလဲလက်ဝတ်ရတနာတွေကို ပြန်လည် ပြင်ဆင်ဖို့ ဘန်ကောက်ကို လာရောက်တာလို့ ဂျာမနီ ခရီးသွားက ပြောပါတယ်။ ဘန်ကောက်စီးလုံကနေ လေဆိပ်ကို လာစဉ်မှာ တက္ကစီထဲမှာ အိပ်မောကျသွားပြီး လေဆိပ်ကို လာစဉ် ပိုက်ဆံအိတ်ကို စစ်ဆေးဖို့ မေ့သွားတယ်လို့ ပြောပါတယ်။ ဂျာမနီခရီးသွားကို လေဆိပ်မှာ ချခဲ့ပြီး တက္ကစီဂိတ်ကို ပြန်လာစဉ် နောက်ခန်းမှာ ကျနေတဲ့ အိတ်ကို တွေ့တာလို့ တက္ကစီသမားက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up