ဟာသဆန်သည့် ပင်နယ်တီဂိုးများ (ရုပ်သံ)
နောက်တဆင့်တက်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် ဘောလုံးပွဲတွေမှာ ပင်နယ်တီကန်သွင်းတဲ့အချိန် ဘောလုံးကစားသမားတွေက စိတ်လှုပ်ရှားပြီး အမှားအယွင်းတွေ ဖြစ်တတ်ပါတယ်။
နာမည်ကြီးဘောလုံးသမားတွေ ဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့လည်း စိတ်ဖိစီးတဲ့ အတွက် ပင်နယ်တီကို ဂိုးအဖြစ် မဖန်တီးနိုင်ဘဲ လွဲချော်တာတွေ ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီရုပ်သံဖိုင်မှာတော့ ပင်နယ်တီကန်သွင်းရာမှာ အလွဲလွဲအချော်ချော် ဖြစ်နေပေမယ့် ဂိုးရအောင် ကန်သွင်းသွားနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
ရူးကြောင်ကြောင်နဲ့ ဟာသဆန်တဲ့ ပင်နယ်တီဖြင့် သွင်းဂိုး ၁၀ ဂိုးလို့ အမည်ပေးထားပြီး ဘောလုံး သမိုင်းတလျှောက်က ငိုအားထက် ရယ်အားသန်တဲ့ ပင်နယ်တီသွင်းဂိုးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပင်နယ်တီကန်ဖို့ ဘောလုံးဆီကို အရှိန်နဲ့ အသွားလဲကျသွားပေမယ့် ဂိုးအဖြစ် ကန်သွင်းနိုင်တဲ့ ပင်နယ်တီအပြင် တခြား ကြောင်တောင်တောင်နိုင်တဲ့ သွင်းဂိုးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်ကို Football Soccer #1ဆိုတဲ့ အကောင့်က ယူကျူပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။