ကမ္ဘာ့ လေထီးခုန်စစ်သားများ စစ်လေထီးခုန် ချန်ပီယံပြိုင်ပွဲ (ရုပ်သံ)

899
ကမ္ဘာအရပ်ရပ်က လေထီးခုန်စစ်သားတွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ စစ်လေထီးခုန် ချန်ပီယံ ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက်မှာ ဇူလိုင် ၂၉ ရက်နေ့က နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ဂျာမနီ၊ ကာတာ၊ ချက်သမတ နိုင်ငံ၊ အိမ်ရှင် ရုရှားတို့က လေထီးခုန် စစ်သားတွေ ၀င်ပြိုင်ခဲ့ကြပါတယ်။
ဝေဟင်ကနေ မြေပြင်ဆီ လေထီးခုန်ချရာမှာ တိကျမှုကို စစ်ဆေးတဲ့ ပြိုင်ပွဲ၊ တဦးချင်းလေထီးခုန်၊ အဖွဲ့လိုက် လေထီးခုန် စသဖြင့် ပြိုင်ပွဲ မျိုးစုံ ပါဝင်ပါတယ်။
နောက်ဆုံးနေ့မှာ မိတ်ဖွဲ့လေထီ ခုန် 'jump of friendship' ပြိုင်ပွဲကို ယှဉ်ပြိုင်ရပါတယ်။ လေထီးခုန် စစ်သားတွေ လက်ချင်းချိတ်ပြီး ခုန်ဆင်းရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
ဒီနှစ်ပြိုင်ပွဲဟာ အကြိမ် ၄၀ မြောက်ဖြစ်ပြီး နောက်နှစ်ကျရင် ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဦးမှာဖြစ်ပါတယ်။