Home
မြန်မာသတင်း
နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်အင်ဂျင်တို့နှင့် လျှပ်စစ်ဓာတ်အားပေးရေး မကွေးတိုင်းတွင် စတင်
ဇော်ဖေ
·
July 29, 2016
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်အင်ဂျင်တို့နဲ့ လျှပ်စစ်ဓာတ်အားပေးရေး အစီအစဉ်ကို မကွေးတိုင်းဒေသကြီး အစိုးရက စတင်လိုက်ပြီ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Parami Energy Services Co., Ltd. တို့ ပူးပေါင်းကာ ပြင်သစ်နိုင်ငံ EDF Co., Ltd တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ကြားက ကျေးရွာတွေ မီးလင်းဖို့ ပြုလုပ်ပေးတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အခုလိုပြောပါတယ်။ “ကျနော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ Energy Thirsty ဖြစ်ပါတယ်။ အဲတော့ အခုလိုအခြေအနေမျိုးမှာ ဧရာဝတီနဲ့ ချင်းတွင်းကြားမှာ ရှိနေတဲ့ ရေစကြိုမြို့နယ်က ရွာပေါင်း ၄၀ ကျော်ကို လျှပ်စစ်မီး Power Supply ပေးဖို့ ကြိုးစားတာဟာ အင်မတန်သင့်လျော်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီမှာဆိုရင်လည်းပဲ ဆိုလာစွမ်းအင်သာ မကဘူး၊ ဒီဇယ်အင်ဂျင်နဲ့လည်း ကျနော်တို့က Generate လုပ်မှာပါ။ Electricity ရအောင်လို့။ ကြွလာတဲ့ လူကြီးမင်းတွေထဲမှာလည်း ဒီ Sustainable Development ရော၊ Observation of Environment ကိုရောပဲ စိတ်ပါဝင်စားတဲ့သူတွေ၊ တန်ဖိုးထားတဲ့သူတွေ ပါတယ်ဆိုတာ သိရတဲ့အတွက် အများကြီး ၀မ်းသာပါတယ်။ ဒါကိုလည်းပဲ အကျဉ်းအားဖြင့် ပြောထားပါတယ်။ လုပ်ငန်းအောင်မြင်ဖို့၊ အကျိုးအမြတ်ရှိဖို့ ဆိုပြီး ပြောထားတယ်။ သူတို့အားလုံး သဘောတူပါတယ်။” အခု မီးလင်းရေး စီမံကိန်းကို ၁ နှစ် ၂ နှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။ “ကျနော်တို့က Report အကြီးစား ကျနော်တို့ ရေးရဦးမှာ။ ရေးပြီးတော့မှ ကျနော်တို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့ရမှာ။ ကျနော်တို့မြင်တာကတော့ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ အဆင်မပြေဘူးဆိုရင်တော့ ဒါအဆင်မပြေဘူးပေါ့နော်။ ၁ နှစ် ၂ နှစ် အတွင်းမှာ ကြိုးစားမယ်လို့ ကျနော်တို့ ယူဆထားတာပေါ့နော်။ တဖက်ကလည်း ကျနော်တို့အနေနဲ့ကျတော့ တိုင်းရင်းသားကုမ္ပဏီ အနေနဲ့ကျတော့ သူတို့လိုအပ်တာကို ကျနော်တို့ Support ပေးမယ်။ ပြီးတော့ Technology က သူတို့ဘက်က ပေးမယ်ဆိုတော့ နှစ်ဖက်ပေါင်းပေါ့နော်။ Cost ရော Technology ရော နှစ်ဖက်ပေါင်းပြီး ပြောမယ်ဆိုရင်တော့ ကျနော်တို့က ၁ နှစ် ၂ နှစ်အတွင်း ဖြစ်နိုင်အောင်တော့ ကျနော် တို့က ကြိုးစားမှာပါ။”  ဟု Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။ ပထမအဆင့်အနေနဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာပေါင်း ၄၀ ကျော်ကို မီးလင်းအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး တိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024