A d v e r t i s e m e n t With Us

နီပေါနိုင်ငံတ၀ှမ်း ရေကြီး မြေပြိုမှုကြောင့် လူ ၆၀ ၀န်းကျင် သေဆုံး

နီပေါနိုင်ငံတ၀ှမ်းမှာ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် လူ ၆၀ ၀န်းကျင် သေဆုံးသွားပြီလို့ ပြည်ထဲရေးဌာနက ပြောပါတယ်။ ရုပ်မြင်သံကြား သတင်းတွေမှာလည်း နိုင်ငံအနောက်ပိုင်းက ပယ်ပါမြို့နယ်ထဲမှာ ရေကြီးမှုနဲ့ ကြုံရအပြီး ရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပုံကို ပြသပါတယ်။ ရွာထဲက အိမ် ၇ လုံး ရေစီးထဲပါသွားပြီး သေဆုံးသွားတဲ့လူကလည်း သူ့တူမဖြစ်တဲ့အကြောင်း၊ ယောက်ျားနဲ့ သမီးတို့လည်း ရေစီးထဲ ပါသွားခဲ့ပြီးမှ ယောက္ခမနဲ့ အစ်ကိုတို့က မနည်း ပြန်ဆယ်ယူခဲ့ရတဲ့ အကြောင်း ရွာသူတဦးက ပြောပါတယ်။ ရပ္ပတီမြစ်ကမ်းပါးမှာ ပိတ်မိနေသူတွေကို ရဟတ်ယာဉ် အကူအညီနဲ့ ကယ်တင်နေရပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ဘက်ကျတဲ့ဒေသမှာ ရေကြီးမှုကြောင့် လူ ၁ သန်း ၆ သိန်းလောက် ဒုက္ခရောက်နေပြီး ရွာလုံးကျွတ် ရေမြုပ်တာတွေတောင် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အိန္ဒိယနဲ့ နီပေါတို့မှာ ဇွန်လကနေ စက်တင်ဘာအထိဟာ မုတ်သုံရာသီဖြစ်ပြီး  အရင်နှစ်တွေကလည်း အခုလိုပဲ ရေကြီးတာနဲ့ မြေပြိုတာ ကြုံရပြီး လူတွေ သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up