နိုင်ငံတကာချန်ပီယံဖလားပွဲတွင် ဒေါ့မွန်ကို မန်စီးတီး အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

တရုတ်နိုင်ငံမှာ ကစားနေတဲ့ နိုင်ငံတကာ ဖလားပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ဂျာမနီဘွန်ဒစ်လီဂါက ဒေါ့မွန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်းမှာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ပေမယ့် ဒုတိယပိုင်း ၇၉ မိနစ်မှာ မန်စီးတီးအသင်းအတွက် အဂွီရိုက အဖွင့်ဂိုး သွင်းယူပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ဒေါ့မွန်အသင်းက ချေပဂိုး သွင်းယူသွားတာကြောင့် ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒီအတွက် အချိန်ပိုမကစားဘဲ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ မန်စီးတီးအသင်းက ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲဟာ မန်စီးတီးနည်းပြသစ် ဂွာဒီယိုလာ တာဝန်ယူပြီးတဲ့နောက် အသင်းအတွက် ပထမဆုံး နိုင်ပွဲတပွဲလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up