တိုင်ဖုန်းမုန်တိုင်း ဗီယက်နမ်မြောက်ပိုင်းကို ၀င်ရောက်၊ လူ ၁ ဦး သေဆုံး (ရုပ်သံ)
မာရီနေးလို့ နာမည်ပေးထားတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ပြည်နယ်တွေထဲကို ၀င်ရောက်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် မြို့တော် ဟနွိုင်းမှာ လူတဦးသေဆုံးပြီး အဆောက်အအုံတွေ အတော်များများလည်း ပျက်စီးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဟနွိုင်း အပါအ၀င် ပြည်နယ်တချို့မှာ မိုးသည်းထန်ခဲ့လို့ ရေကြီးမှု သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
နိုင်ငံပိုင် ဗွီတီဗွီသတင်းမှာ ရေကြီးနေတဲ့ အခြေအနေတွေကို ပြသပြီး လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းဘင်ပြည်နယ်ဘက်မှာ ကျောက်ချရပ်နားထားတဲ့ ငါးဖမ်းလှေ ၇ စင်း နစ်မြုပ်သွားတယ်လို့လည်း သတင်းက ဆိုပါတယ်။
ဗီယက်နမ်ဟာ နှစ်စဉ် ဇူလိုင်ကနေ နိုဝင်ဘာ မုတ်သုံရာသီအတွင်း မုန်တိုင်း ၁၀ ကြိမ်လောက် ကြုံရလေ့ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။