ဗီယက်နမ်နှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဂိုးပြတ်နိုင်ပြီး အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးတက်

အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု က ဒုတိယပွဲစဉ်တွေကို ဇူလိုင် ၂၈ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဗီယက်နမ်နဲ့ ထိုင်းအသင်းတို့ ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့လို့ အုပ်စုနောက်ဆုံးပွဲကစားဖို့ ကျန်သေးပေမယ့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းက ဖိလစ်ပိုင်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ထိုင်းအသင်းက စင်ကာပူအသင်းကို ၈ ဂိုးပြတ်နဲ့ နိုင်ပွဲရခဲ့တာပါ။ အုပ်စု က မှာ ထိုင်းနဲ့ ဗီယက်နမ်တို့က ၂ ပွဲကစား ရမှတ် ၆ မှတ်စီ ရရှိထားပြီး ဂိုးကွာခြားချက် အသာရတဲ့ ဗီယက်နမ်အသင်းက အုပ်စုပထမနဲ့ ဦးဆောင်နေပါတယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ကတော့ နှစ်ပွဲစလုံး ရှုံးခဲ့လို့ အမှတ်မရသေးပါဘူး။ အုပ်စု က နောက်ဆုံးပွဲစဉ်တွေကို လာမယ့် ဇူလိုင် ၃၀ ရက်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဗီယက်နမ်နဲ့ ထိုင်း၊ စင်ကာပူနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွှမ်းမိုးအောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up