မြောက်ကိုရီးယားကျောင်းသားတဦး တောင်ကိုရီးယားသံရုံးတွင် ခိုလှုံခွင့်တောင်း

ဓာတ်ပုံ - ရိုက်တာ
936
မြောက်ကိုရီးယားနိုင်ငံသားတဦး ဟောင်ကောင်မှာရှိတဲ့ တောင်ကိုရီးယားသံရုံးမှာ ဇူလိုင် ၂၈ ရက်က ခိုလှုံခွင့်တောင်းခံတယ်လို့ ဟောင်ကောင်သတင်းတွေမှာ ဖော်ပြပါတယ်။
အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် လာရောက်ခိုလှုံမှု တောင်းခံသူဟာ မြောက်ကိုရီးယား ကျောင်းသားတဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဟောင်ကောင်မှာ သင်္ချာထူးချွန်မှုပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရောက်ရှိလာတာလို့ South China Morning Post သတင်းစာက ဆိုပါတယ်။
သံရုံးပတ်ဝန်းကျင်ကို ဟောင်ကောင်ရဲတွေ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဒီကိစ္စကို တရုတ်အစိုးရက အကြောင်းကြားစာ ရရှိပြီးဖြစ်တယ်လို့လည်း တရုတ်ရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသမီးက ပြောဆိုပေမယ့် အသေးစိတ်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။