နိုင်ငံတကာ ချန်ပီယံဖလား ချဲလ်ဆီး ၁ – ၀ လီဗာပူး (ရုပ်သံဟိုက်လိုက်)

1.4K
အမေရိကန်ပြည်ထောင်စုမှာ ကစားနေတဲ့ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ်အသင်း အချင်းချင်းယှဉ်ပြိုင်ရာ ချဲလ်ဆီးက လီဗာပူးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဇူလိုင် ၂၈ ရက် မနက်က ယှဉ်ပြိုင်တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးကို ပထမပိုင်း ၁၀ မိနစ်မှာ နောက်ခံလူ ကာဟေးလ်က သွင်းယူပေးသွားတာ ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုအရ လီဗာပူးက ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးရအောင် မဖန်တီးနိုင်ခဲ့ပါဘူး။
ဒီပွဲမှာ ချဲလ်ဆီးကစားသမား ဖာဘရီဂတ်စ် အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။
လီဗာပူးက တိုက်စစ်ကစားပုံ လိုအပ်နေသေးသလို ချဲလ်ဆီးအသင်း နောက်ခံလူ တယ်ရီဟာ အသင်းအတွက် သင့်တော်နေဆဲပဲဆိုတာကို ပြသသွားတယ်လို့ ဘောလုံးပွဲ သုံးသပ်သူတွေက ဆိုပါတယ်။
နည်းပြသစ် ကွန်တီရဲ့ လက်အောက်မှာ ချဲလ်ဆီးအသင်းက ပထမဆုံး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ဇူလိုင် ၃၀ ရက်မှာတော့ ချဲလ်ဆီးက စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။