လူလို အသံကိုလိုရာထိန်းချုပ် စကားပြောနိုင်သည့် အော်ရန်အူတန် (ရုပ်သံ)

လူတွေ အသုံးပြုတဲ့ တချို့အသံကို အော်ရင်အူတန်လူဝံက ပြန်လည်အသံပြု ပြောဆိုပြနိုင်တာဟာ လူသားတွေ စကားပြောဆိုမှု ပြောင်းလဲတိုးတက်မှုကို နားလည်ဖို့ နီးစပ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အင်္ဂလန်ဒါဟန်တက္ကသိုလ်က သုတေသနသမားတွေ လုပ်ဆောင်နေတဲ့ တွေ့ရှိချက်မှာတော့ အသက် ၁၁ နှစ်အရွယ် အော်ရင်အူတန် လူဝံက အသံတွေကို နားလည်ပြီး လူတွေ တယောက်နဲ့ တယောက် စကားပြောသလို အသံကို ထိန်းချုပ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့တာပါတယ်။
အိန္ဒိယားနားပိုလစ် တိရစ္ဆာန်ရုံမှာ ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာချက်မှာတော့ သုတေသနသမားတွေက အဲဒီအချိန်က အသက် ၈ နှစ်အရွယ်လူဝံနဲ့ အသံတုပတမ်းကစားခဲ့ပြီး ကျပန်းအသံတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီအော်ရင်အူတန် တုပတဲ့ အသံတွေကိုလည်း နာရီ ၁၂၀၀၀ ကြာအောင် တခြား အော်ရင်အူတန် ၁၂၀ဆီက ထွက်တဲ့ အသံနဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။
သုတေသနအဖွဲ့ခေါင်းဆောင် ဒေါက်တာ အက်ဒရီယာနို လန်မာရီယားက တွေ့ရှိချက်က လူတွေ စကားပြောရာမှာ အရေးကြီးတဲ့ ကျွမ်းကျင်မှု လိုအပ်ချက်ဟာ မျိုးနွယ်တူတဲ့ ရှေးဘိုးဘေးဘီဘင်နဲ့ တခြား မျောက်ဝံ၊ လူဝံအနွယ်တွေမှာ အလားတူရှိနေတယ်လို့ ပြောပါတယ်။