ရော်နယ်ဒိုကြိုက်သည့် CR-7 ခြုံစောင် (ရုပ်သံ)

1.8K
ပေါ်တူဂီလက်ရွေးစင်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက သူကြိုက်တဲ့ ခြုံစောင်ကို သူလိုပဲ လူတွေကြိုက်နှစ်သက်မယ်လို့ မျှော်လင့်နေတဲ့ အကြောင်းပြောပါတယ်။
စက္ကန့် ၃၃လောက်သာကြာမြင့်တဲ့ ရုပ်သံဖိုင်မှာတော့ ရော်နယ်ဒိုက CR-7နဲ့ သူ့နာမည် ရေးထိုးထားတဲ့ ခြုံစောင်ကို ခြုံပြပြီး လူတွေ ကြိုက်လိုက်မယ်လို့ ပြောပါတယ်။
“ဟေ့ဘော်ဒါတို့ ငါကြိုက်သလိုပဲ ဒီစောင်ကို ကြိုက်လိုက်မယ်လို့ ထင်ပါတယ်။ အရမ်း သက်သောင့်သက်သာ ရှိတယ်”လို့ ရော်နယ်ဒိုက ပြောပါတယ်။
ဒီရုပ်သံဖိုင်ကို ဗြိတိန်အခြေစိုက် အင်ဒီပန်းတင့်သတင်းမှာ ဒီနေ့ ဖော်ပြထားတာ ဖြစ်ပါတယ်။