တောင်ငူရေဘေးသင့်သူများကို လူငယ်များ သွားရောက်လှူဒါန်း
နော်နိုရင်း
·
October 3, 2011
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်က ရေဘေးသင့်ကျေးရွာ ၅ ရွာကို (ဘီဂျီ) သွေးကူညီပေးရေးအဖွဲ့နဲ့ လူငယ်တချိုက အစားအသာက်၊ အဝတ်အထည်နဲ့ ကျောင်းသုံးပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ရေတာရှည်မြို့နယ် မျက်နှာပြင်၊ အုန်းပင်ကွင်း၊ ကျွဲရိုင်းပင်၊ သလင်ဆိပ်တောင် ကြီး၊ ကျွဲရိုင်ပင်းတောင်ကြီး စတဲ့ရွာတွေကို ဒီနေ့ သွားရောက်လှူဒါန်းတယ်လို့ သွေးအကူအညီပေးရေးအဖွဲ့တာဝန်ခံ ကိုညီညီက ပြောပါတယ်။
“စားစရာ ခေါက်ဆွဲခြောက်တွေ၊ အဝတ်အထည်၊ ပုဆိုး၊ ထဘီ၊ ဆန်အိတ်တွေရယ်။ ကလေးငယ်တွေအတွက် အထောက်အကူပစ္စည်း စာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောလ်ပင်နဲ့ အခြား ဝမ်းပျက် ဝမ်းလျော ရောဂါတွေကာကွယ်ဖို့ ဓာတ်ဆားရည်တွေ ငွေကြေးအားဖြင့် ကာလတန်ဘိုး ၁၀ သိန်းဖိုးလောက် ပါတယ်။
အဲဒီ ရွာတွေမှာ ရေနစ်မြုပ်နေဆဲဖြစ်ပြီး စာသင်ကျောင်းတွေလည်း မဖွင့်နိုင်သေးဘူးလို့ ပြောပါတယ်။
ရေဘေးသင့်တာ သုံးလနီးပါး ရှိပြီဖြစ်ပြီး ဒေသခံတွေရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ကြံခင်းနဲ့ စပါးခင်းတွေ ရေနစ်ပျက်စီးတဲ့အတွက် အလုပ်မရှိဘဲ စားဝတ်နေရေး ခက်ခဲနေကြတယ်လို့လည်း ကိုညီညီက ပြောပါတယ်။
တချို့ရွာတွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်နေသလို တချို့လူတွေ ဖျားနာပြီး အသေအပျောက် ရှိလာတဲ့အတွက် အစိုးရဘက်က ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လူတသောင်းဝန်းကျင်လောက် ရေဘေးအကူအညီ လိုအပ်နေတဲ့အပြင် အချိန်ကာလအားဖြင့် သုံးလနီးပါးကြာလာတာကြောင့် အလှူရှင်တွေက တတ်အားသရွေ့ လှူဒါန်းနေပေမယ့် အကူအညီ လိုအပ်နေဆဲ ဖြစ်ပါတယ်။