A d v e r t i s e m e n t With Us

တိုက်စစ်မှူး အော်ဘာမီယန်း အသင်းတွင်ဆက်ရှိမည်ဟု ယုံကြည်ကြောင်း ဒေါ့မွန်နည်းပြပြော

ဓာတ်ပုံ - ရိုက်တာ
ဂျာမန်ကလပ် ဒေါ့မွန်အသင်းက တိုက်စစ်မှူး အော်ဘာမီယန်းအနေနဲ့ အသင်းမှာ ဆက်နေလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်နေပါတယ်။ လောလောဆယ်မှာ တိုက်စစ်မှူးကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။ တိုက်စစ်မှူး အော်ဘာမီယန်းရဲ့ ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒေါ့မွန်နည်းပြကတော့ သူ့အနေနဲ့ အသင်းမှာ ဆက်နေလိမ့်မယ်လို့ အပြည့်အ၀ ယုံကြည်ထားကြောင်း ပြောပါတယ်။ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ခြေစွမ်းပြပြီး ၂၅ ဂိုး သွင်းပေးထားပါတယ်။ အော်ဘာမီယန်းက ပြီးခဲ့တဲ့ အင်တာဗျူးတခုမှာတော့ သူ့အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားရင် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကိုပဲ သွားဖို့ စဉ်းစားထားတယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up