A d v e r t i s e m e n t With Us

မီးပွိုင့်မီးနီဖြတ်မောင်းသည့် ကားနှင့် ဆိုင်ကယ် တိုက်မိ၊ ဆိုင်ကယ်သမား သေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ဖြစ်ခဲ့တဲ့ မီးပွိုင့်မီးနီ ဖြတ်မောင်းတဲ့ ကားက ဆိုင်ကယ်တစီးကို ဖြတ်တိုက်ခဲ့တဲ့ အဖြစ်အပျက်နောက်မှာ လမ်းသွားလမ်းလာတွေအနေနဲ့ မီးပွိုင့်မှာ မီးစိမ်းနေရင်တောင် ဂရုတစိုက် သွားလာကြဖို့လိုတယ် ဆိုတာကို အထူးသတိပေးလိုက်သလိုပါပဲ။ ကြာမြင့်ချိန် ၁၈ စက္ကန့်သာရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အရှိန်မြှင့်မောင်းနှင်လာတဲ့ ကားဟာ မီးပွိုင့်မီးနီကိုဖြတ်ကာ တခြားဘက်က မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဖြတ်တိုက်ခဲ့တာ တွေ့ရပါတယ်။ မီးနီနေချိန်မှာ တခြားကားတစီးကတော့ မီးပွိုင့်ထိပ်မှာ ရပ်နေခဲ့တာကို တွေ့ရပါတယ်။ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကားက ဖြတ်တိုက်လိုက်တဲ့ အရှိန်ကြောင့် ဆိုင်ကယ်သမားဟာ လေပေါ်ကို လွင့်ထွက်သွားကာ ဆိုင်ကယ်တခြား၊ လူတခြား မြေပြင်ပေါ် အပုံလိုက်ကျသွားခဲ့တာကို တွေ့ရပါတယ်။ ဆိုင်ကယ်သမားဟာ ထိခိုက်ဒဏ်ရာတွေကြောင့် သိပ်မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ မြောက်ပိုင်းခရိုင်၊ လွတ်ဒွန်ကျူ မီးပွိုင့်လမ်းဆုံမှာဖြစ်ခဲ့ကာ သနာသစ်ပ် ဆီရင်ဂမ် အမည်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စည်းကမ်းမဲ့မောင်းနှင်တဲ့ ကားသမားကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး လမ်းသွားလမ်းလာတွေ အနေနဲ့ လုံခြုံမှုမရှိတော့ဘဲ မီးပွိုင့်က မီးစိမ်းပြနေရင်တောင် အမြဲတမ်း ဘယ်ညာကြည့်ပြီးမှ ကူးသင့်တယ်လို့ သတိပေး ဝေဖန်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up