Live
Home
မြန်မာသတင်း
ကျောက်တံခါးမြို့၌ နေအိမ်အတွင်းသို့ ၂၂ ဘီးယာဉ် ၀င်ရောက်
DVB
·
July 28, 2016
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ ရန်ကုန် - မန္တလေးလမ်းဟောင်းဘေးရှိ နေအိမ်တလုံးကို ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီလောက်က ၂၂ ဘီးယာဉ်ဝင်တိုက်ခဲ့ပါတယ်။ ရန်ကုန်ကနေ မန္တလေးဘက်ကို သကြားအိပ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ ယာဉ်အမှတ် 1C /1015 နီးဆန်းဒီဇယ်ဖြူပြာရောင် ၂၂ ဘီးကုန်တင်ကားဟာ ကျောက်တံခါးမြို့ ရန်ကုန် - မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၅/၁ နဲ့ ၁၁၅/၂ အကြားအရောက်မှာ ရပ်တန့်ပြီး ကားဘီးတွေကို လေဖြည့်နေစဉ် ဂီယာဝင်ပြီးရှေသို့ ထွက်သွားကာ လမ်းဘေးရှိ နေအိမ်ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ နေအိမ်ဝင်တိုက်မိတဲ့အတွက် နေအိမ်အောက်ထပ် အခန်းတခန်း၊ အိမ်သုံးမီတာတလုံး၊ စက်ဘီးတစီး၊ ဆိုင်ကယ်တစီးတို့ ပျက်စီခဲ့ပြီး ကားဦးခေါင်းပိုင်းလည်း ပျက်စီးခဲ့ပါတယ်။ ယာဉ်တိုက်မှုအတွက် ယာဉ်ကိုပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်းသန့်ဇင်ဦးကို (ပ) ၃၁/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ (၂၇၉)အရ ကျောက်တံခါးမြို့မ ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024