A d v e r t i s e m e n t With Us

ဗလင်စီယာ ကွင်းလယ်လူ ဂိုမက်စ်ကို ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းဟာ ဗလင်စီယာ ကွင်းလယ်ကစားသမား အန်ဒေ ဂိုမက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းကျော်ပေးပြီး ခေါ်ယူလိုက်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ ဘာကာအသင်းဟာ ကျနော် ကစားချင်တဲ့ အသင်းရဲ့ ပုံစံမျိုး ဖြစ်ပါတယ်လို့ ကွင်းလယ်လူ ဂိုမက်စ်က ပြောပါတယ်။ ဂိုမက်စ်ဟာ ဘာစီလိုနာအသင်းကနေ ဒီနှစ် နွေရာသီမှာ ၄ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဘာကာဟာ အသင်းရဲ့ လက်ရှိ နောက်တန်းသမား မာရှေယာနိုကိုလည်း ၃ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင် မာရှေယာနိုဟာ ဘာကာအတွက် ပွဲပေါင်း ၂၄၇ ပွဲ ကစားပေးထားပါတယ်။ သူဟာ အသင်းနဲ့အတူ လာလီဂါချန်ပီယံ ၄ ကြိမ်နဲ့ ချန်ပီယံလိဂ် ချန်ပီယံဆု ၂ ကြိမ် ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up