မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားမည့်အပေါ် ဖရီဒါ ဒု-ဥက္ကဋ္ဌနှင့် ဆက်သွယ်မေးမြန်းချက်
DVB
·
September 30, 2011
သမ္မတ ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အစိုးရ သက်တမ်းကာလအတွင်း ဆိုင်းငံ့ထားမယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ဒီလို ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းရေးအသင်း (Forest Resource Environment Development and Conservation Association, FREDA) ဒု-ဥက္ကဋ္ဌ ဦးအုန်းကို ဒီဗွီသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါတယ်။