
ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ဆာမ်ဖလမ်းမြို့နယ် ဖုတ်ထမွန်းထွန်း လမ်းမကြီးပေါ်က ဆောက်လက်စ ၃ ထပ်တိုက်တလုံး ဒီကနေ့မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်က ပြိုကျပြီး အလုပ်သမား ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ ပါတယ်။
အဆိုပါတိုက်ဟာ အီဇူးဇူးကားကုမ္ပဏီမှ ကားအရောင်းပြခန်းလုပ်ဖို့အတွက် ဆောက်လုပ်နေ တာဖြစ်ပြီး ပြိုကျရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဒဏ်ရာရသူတွေဟာ သံငြမ်းတွေ ထိုးစိုက်ခြင်းခံရသူတွေရှိသလို ဘိလပ်မြေနဲ့ အုတ်ခဲတွေ အောက်ကိုရောက်သွားကြတာလို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အပြောကို ကိုးကားပြီး သတင်း မှာ ဖော်ပြပါတယ်။
အလုပ်သမားတွေဟာ ဘယ်နိုင်ငံသားလဲဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
ဓာတ်ပုံ - crime.tnews.co.th