A d v e r t i s e m e n t With Us

ချဲလ်ဆီးနှင့် လီဗာပူး ခြေစမ်းပွဲ ကစားမည်

ချဲလ်ဆီးအသင်းဟာ ရာသီအကြို ခြေစမ်းပွဲတွေ ကစားဖို့အတွက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကို ရောက်ရှိနေပါတယ်။ နည်းပြသစ် ကွန်တီကတော့ ရာသီအကြို လေ့ကျင့်ရေး အစီအစဉ်တွေကနေ အသင်းရဲ့ခြေစွမ်း တိုးတက်လာဖို့ မျှော်လင့်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ လီဗာပူးအသင်းနဲ့ ဇူလိုင် ၂၈ ရက်မှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။ နည်းပြ ကွန်တီဟာ အီတလီနိုင်ငံသား နည်းပြတွေထဲမှာ ချဲလ်ဆီးကို ၅ ယောက်မြောက် ရောက်လာတဲ့သူလည်း ဖြစ်ပါတယ်။ အီတလီသားနည်းပြက လာမယ့်ရာသီအစ ပွဲစဉ်တွေဟာ ခက်ခဲလိမ့်မယ်လို့လည်း ဆိုထားပါတယ်။ သူဟာ ဂျူဗင်တပ်နည်းပြဘ၀တုန်းက အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက အမှတ်ပေးဇယားမှာ အဆင့် ၁၀ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up