A d v e r t i s e m e n t With Us

ဟီလာရီ သမ္မတလောင်း အမည်တင်သွင်းခံရသဖြင့် ၀မ်းသာမျက်ရည်ကျခဲ့သည့် ၁၀၂ နှစ်အရွယ် အဖွားအို

အမေရိကန်နိုင်ငံ၊ ဒီမိုကရက်တစ်အမျိုးသားကွန်ဗင်းရှင်းရဲ့ ဒုတိယနေ့အခမ်းအနားမှာ သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန်အမည်စာရင်းတင်သွင်းနိုင်ခဲ့တဲ့အတွက် အသက် ၁၀၂ နှစ်အရွယ် အဖွားအို ဂျယ်ရီအမ်းမက်ဟာ ၀မ်းသာမျက်ရည်ကျခဲ့ပါ တယ်။ အမ်းမက်ဟာ အငြိမ်းစားပညာရေးဝန်ထမ်းတဦးဖြစ်ကာ အရီဇိုးနားပြည်နယ်ရဲ့ ကိုယ်စားလှယ်မဲမှတ်တမ်းကူညီဆောင်ရွက်ပေးခဲ့သူတဦး ဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ အမျိုးသမီးတွေ မဲပေးခွင့်မရသေးမီအချိန်က မွေးဖွား ခဲ့တာဖြစ်ပြီး ဟီလာရီဟာ အရီဇိုးနားပြည်နယ်ရဲ့ မဲ ၈၁ မဲမှာ ၅၁ မဲရရှိပြီး အနိုင်ရရှိခဲ့တာ ဟာ သင့်တော်တယ်လို့ ဆိုပါတယ်။ “ကျမ ငိုကြွေးခဲ့ရတယ်။ ကျမဘယ်တော့မှ မငိုတော့ဘူး”လို့ သူက ပြောပါတယ်။ အမ်းမက်ဟာ အသက် ၁၀၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အရီဇိုးနားပြည်နယ်၊ ဒီမိုက ရက်တစ်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်ပါတယ်။ ဟီလာရီကလင်တန်ဟာ အဓိကနိုင်ငံရေးပါတီတခုမှ သမ္မတအမည်စာရင်းတင် သွင်းခြင်းခံရတဲ့ ပထမဆုံးအမျိုးသမီးတဦးဖြစ်လာခဲ့ပြီး လာမယ့်နိုဝင်ဘာလမှာ ပထမ ဆုံးသော အမေရိကန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတတဦးဖြစ်လာနိုင်ပါတယ်။ အဖွားအို အမ်းမက်ဟာ နားလည်းသေသေချာချာမကြားတော့ပဲ မျက်လုံးတွေ ကွယ်ခဲ့ပြီးဖြစ်ပေမယ့် သူ့အနေနဲ့ တမိုင်ခရီးကို လမ်းလျှောက်နိုင်သေးပြီး ပေါင်မုန့်ဖုတ် နိုင်သေးတယ်လို့ ပြောပါတယ်။ သူဟာ ဒီအခမ်းအနားမှာ စိတ်လှုပ်ရှားခဲ့တယ်လို့ ပြောခဲ့ပြီး “ဟီလာရီ နှစ်ရာချီ ပါစေ”လို့ ဖော်ပြထားတဲ့ အဖြူရောင်နဲ့ အပြာရောင်သင်္ကေတပါတဲ့ ဆိုင်းဘုတ်ကို ယူ ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ အမ်းမက်ဟာ အရီဇိုးနားပြည်နယ်ရဲ့ ချစ်စရာကောင်းတဲ့ ပြယုဒ်တခုဖြစ်လာ တယ်လို့ ယူအက်စ်အေတူဒေးသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up