A d v e r t i s e m e n t With Us

လီဗာပူးကွင်းလယ်လူ အယ်လန်ကို စတုတ်စီးတီး ခေါ်

ဓာတ်ပုံ - ရိုက်တာ
ပရီးမီးယားလိဂ်ကလပ် စတုတ်စီးတီးအသင်းဟာ လီဗာပူး ကွင်းလယ်ကစားသမား ဂျိုးအယ်လန်ကို ခေါ်ယူလိုက်ပါတယ်။ စတုတ်အသင်းက ဝေးလ်ကွင်းလယ်လူ အယ်လန်ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လီဗာပူးနဲ့ ၁ နှစ် စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ သူ့ကို ဆွမ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် စတုတ်က ၅ နှစ်စာချုပ်နဲ့ သဘောတူညီချက် ရသွားတာ ဖြစ်ပါတယ်။ ဝေးလ်ကွင်းလယ်ကစားသမား အယ်လန်ဟာ စတုတ်အသင်းက ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အယ်လန်ဟာ ဝေးလ်အသင်းကို ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up