A d v e r t i s e m e n t With Us

ရွှေရောင်ဆံပင် ဒီဇိုင်းအသစ်ဖြင့် မက်ဆီ

နာမည်ကြီး တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ဆံပင်ပုံကို ရွှေရောင်ဆံပင်အဖြစ် ဒီဇိုင်းပြောင်းလဲလိုက်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ်နဲ့ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပါတယ်။ မက်ဆီဟာ အသင်းဖော် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်နဲ့အတူ  လေ့ကျင့်ရေး ဆင်းနေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ချီလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်အပြီးမှာ လက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အာဂျင်တီးနား ပရိသတ်တွေကတော့ သူ့ကို လက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့ ဆန္ဒပြပြီး တိုက်တွန်းခဲ့ပါတယ်။ စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာဟာ သြဂုတ် ၂၀ ရက်နေ့ ပွဲဦးထွက်မှာ ရီရဲလ်ဘီတစ်အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up