ကားနှစ်စီးပြိုင်မောင်းစဉ် လမ်းဘေးလူအုပ်စုကို ကြောက်မက်ဖွယ် တိုက်မိ (ရုပ်သံ)
ရုရှားနိုင်ငံ၊ အူးရှင်းစ်ခ်မြို့ လမ်းမတခုပေါ်မှာ ဇူလိုင်လ ၂၆ ရက်နေ့က ကား ၂ စီး ဟာ အရှိန် ပြင်းပြင်းနဲ့ ပြိုင်မောင်းလာချိန်မှာ လမ်းဘေးမှ လူတွေကို တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီအဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ကို ရုရှားအခြေစိုက် အာရ်အီးအန်ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့ပါတယ်။
လမ်းတဖက်ခြမ်းမှာ ကား ၂ စီးဟာ ရပ်တန့်ထားခဲ့ပြီးနောက်မှာ ကားပေါ်ပါ ခရီး သည်တွေဟာ လမ်းဖြတ်ကူးခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
သူတို့ဟာ လမ်းတဖက်ခြမ်းကို ရောက်ကာနီးမှာ တဖက်မှ အရှိန်ပြင်းပြင်းနဲ့ ပြိုင် ပြီးမောင်းနှင်လာတဲ့ ကား ၂ စီးက တိုက်မိသွားခဲ့တာပါ။
လူတွေဟာ အလျင်အမြန်ရှောင်တိမ်းလိုက်ကြပေမယ့် ၂ ဦးကတော့ ထိခိုက်ဒဏ် ရာတွေရရှိပြီး နေရာတင်သေဆုံးသွားခဲ့ကြတာ တခြား ၃ ဦးကတော့ ခုန်ထွက်လွတ် မြောက်သွားခဲ့ကြတာပါ။