ကားနှစ်စီးပြိုင်မောင်းစဉ် လမ်းဘေးလူအုပ်စုကို ကြောက်မက်ဖွယ် တိုက်မိ (ရုပ်သံ)

ရုရှားနိုင်ငံ၊ အူးရှင်းစ်ခ်မြို့ လမ်းမတခုပေါ်မှာ ဇူလိုင်လ ၂၆ ရက်နေ့က ကား ၂ စီး ဟာ အရှိန် ပြင်းပြင်းနဲ့ ပြိုင်မောင်းလာချိန်မှာ လမ်းဘေးမှ လူတွေကို တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ကို ရုရှားအခြေစိုက် အာရ်အီးအန်ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသခဲ့ပါတယ်။ လမ်းတဖက်ခြမ်းမှာ ကား ၂ စီးဟာ ရပ်တန့်ထားခဲ့ပြီးနောက်မှာ ကားပေါ်ပါ ခရီး သည်တွေဟာ လမ်းဖြတ်ကူးခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူတို့ဟာ လမ်းတဖက်ခြမ်းကို ရောက်ကာနီးမှာ တဖက်မှ အရှိန်ပြင်းပြင်းနဲ့ ပြိုင် ပြီးမောင်းနှင်လာတဲ့ ကား ၂ စီးက တိုက်မိသွားခဲ့တာပါ။ လူတွေဟာ အလျင်အမြန်ရှောင်တိမ်းလိုက်ကြပေမယ့် ၂ ဦးကတော့ ထိခိုက်ဒဏ် ရာတွေရရှိပြီး နေရာတင်သေဆုံးသွားခဲ့ကြတာ တခြား ၃ ဦးကတော့ ခုန်ထွက်လွတ် မြောက်သွားခဲ့ကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up